အစ္စရေးနိုင်ငံသား
ဟိန်းလတ်
3000 က်ပ္
သြကာသ စာပေကနေ တတိယအကြိမ် ထွက်ရှိထားတဲ့ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဆရာဟိန်းလတ် ဘာသာပြန် ရေးသားထားတဲ့ ‘စွန့်စားကြီးပွား ပြည်သူများ (သို့မဟုတ်) အစ္စရေးနိုင်ငံသား’ ဆိုတဲ့ စာအုပ်
လေးပဲ ဖြစ်ပါတယ် စာချစ်သူတို့ရေ။ ဒီစာအုပ်ကတော့ အစ္စရေးနိုင်ငံသားတွေရဲ့ တီထွင်မှုနဲ့ စီးပွားရေး စွမ်းဆောင်မှုတွေ အကြောင်း ဖြစ်ပါတယ်။ ‘ဤစာအုပ်သည် နည်းပညာအကြောင်း စာအုပ်မဟုတ်။ သို့သော် ဟိုင်းတက်ကုမ္ပဏီများစွာအကြောင်း ပြောထားပါသည်။ နည်းပညာနှင့် ခေတ်သစ်တွင် ၎င်း၏ အကျိုးသက်ရောက်မှုကို ပြောရင်းနှင့် အဓိက မီးမောင်းထိုးပြသည်မှာ ၎င်းတို့မှ ပေါ်ထွန်းလာသော စီးပွားရေး အတွေးအခေါ်သစ်များအကြောင်း ဖြစ်ပါသည်’ လို့ မူရင်းစာရေးသူက ညွှန်းဆိုထားသလို … ‘အန္တရာယ်မျိုးစုံ၊ အခက်အခဲပေါင်းစုံကြားမှ ဇွဲသတ္တိရှိရှိနှင့် ဖြတ်ကျော်ရင်ဆိုင် တိုက်ပွဲဝင်ရင်း စွန့်စားတီထွင် လုပ်ငန်းများဖြင့် စီးပွားရေး တရှိန်ထိုး တက်လာသော အစ္စရေးနိုင်ငံနှင့် အစ္စရေး လူမျိုးများ၏ လုံ့လ ဥဿဟ သတ္တိဗျတ္တိများသည် ချီးကျူးအတုယူစရာ ကောင်းလှပါသည်။ ထို့ကြောင့် ဤစာအုပ်သည် ၂၁ရာစုခေတ် မြန်မာလူငယ်မျိုးဆက်သစ်တို့၏ အားမာန်သတ္တိကို လှုံ့ဆော်နိုင်သည့် စာအုပ်ဟု ကောင်းစွာ ယုံကြည်မိပါသဖြင့် မြန်မာဘာသာ ပြန်ဆိုထုတ်ဝေလိုက်ရပါသည်’ လို့လည်း ဆရာဟိန်းလတ်က အမှာစာမှာ ရေးသားထားပါတယ်။
ဟိန်းလတ် စာအုပ္မ်ား
chevron_right
Privacy Policy