ရှော့ရှန့်ကမိန်းမလှ
လင်းတင့်သီဟ
2500 က်ပ္
Rita Hayworth & Shawshank Redemption ဆိုတာ Stephen King ရဲ့ ၁၉၈၂ ခုနှစ် ရာသီစုံ စုဆောင်းမှုထဲက လက်ရာကောင်းတစ်ပုဒ် ဖြစ်သလို ဒီဝတ္ထုဟာ လီယိုတော်စတွိုင်းရဲ့ "God Sees the Truth, But Wait" ဆိုတဲ့ ဝတ္ထုတိုကို ပြန်လည်ကိုးကားညွန်းဆိုတယ်လို့ အမ
ျားက ဆိုခဲ့တဲ့ ဝတ္ထုတစ်ပုဒ်လည်း ဖြစ်တယ်။ ရှောရှန့်.. ဆိုတာဘာလဲ? ရှောရှန့်ဆိုတာ တကယ်တော့ အကျဉ်းထောင်ကြီးတစ်ခုရဲ့ နာမည်.. ဒီစာအုပ်ထဲမှာ စာဖတ်သူအနေနဲ့ မိန်းမလှလေးတွေ၊ ရွှေပြည်အေးတရားမျိုးတွေ၊ ချစ်ခင်သာယာ ပီယဝါစာ စကားမျိုးတွေကိုတော့ မြင်တွေ့ရမှာ မဟုတ်ဘူး။ အဲ့ဒီအစား..အန်ဒီဒူဖရန့်ဆိုတဲ့ ရွှေရောင်ဆံပင်နဲ့ လေတိုက်ရင် မျောပါသွားမယ့် လူတစ်ယောက်၊ အကျဉ်းထောင်တွင်းမှာ လိုသမျှ ပစ္စည်းတွေကို သွင်းပေးနေတဲ့ ရက်ဒ် နဲ့ သူတို့ကျင်လည်ရာ ထောင်အဝန်းအဝိုင်းတွင်းက အရာတွေကို အရောင်အသွေးစုံလင်စွာနဲ့ မြင်တွေ့ရမှာ ဖြစ်တယ်။ အင်ဒီဒူဖရန့်ဟာ မျောက်မထားတဲ့ယောကျာ်းနဲ့ ကိုယ့်မိန်းမကိုယ် ပြန်သတ်မှုနဲ့ မိန်းပြည်နယ်က 'ပျော်စရာရှောရှန့်မိသားစု' လေးထဲကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံစေဖို့ အမိန့်ချခံလိုက်ရတဲ့သူ။ သူ ထောင်ဒဏ် အနှစ် ၂၀ ကျခံပြီးတဲ့နောက်မှာ သူ့မိန်းမရော၊ ဖောက်ပြန်တဲ့ယောကျာ်းကိုပါ သတ်ခဲ့တာက တစ်ခြားသူတစ်ယောက်ဆိုတာ သိသွားပြီးတဲ့နောက်.. သူ ဒီပျော်စရာရှောရှန့်မိသားစုလေးထဲမှာ ဘယ်လိုဆက်နေမယ်ဆိုတာကို စာရှုသူတို့အနေနဲ့ ရှုစားရမှာပါ။
လင်းတင့်သီဟ စာအုပ္မ်ား
chevron_right
Privacy Policy