ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဥက္ကဌသခင်ဗသိန်းတင်
သက်ထားဗသိန်းတင်
10000 က်ပ္
စာရေးသူ - သက်ထားဗသိန်းတင် အပိုင်ဝယ်သိမ်းထားရမယ့် သမိုင်းမှတ်တမ်းစာအုပ်ကောင်း တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဗမာ့နိုင်ငံရေး သမိုင်းကြောင်းကို လေ့လာ သုံးသပ် အကဲဖြတ်မှုတိုင်းတွင် မပါ
မဖြစ် အရေးကြီးသော အဖွဲ့အစည်းတစ်ခုမှာ ''ဗမာပြည်ကွန်မြူနစ်ပါတီ'' ဖြစ်ကြောင်း မည်သူမျှ ငြင်းပယ်နိုင်မည် မထင်ပါ။ မျက်မှောက်ခေတ်နိုင်ငံရေးသမိုင်းနဲ့ ကွန်မြူနစ်ပါတီရဲ့ သမိုင်းတို့ကို ယခုအခါ ပြည်တွင်းမှာ ထုတ်ဖေါ်ရေးသားမှု တွေ အတော်အသင့်ရှိလာနေပါပြီ။ ဒါပေမဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို သက်တမ်းရှည်ကြာစွာ ဦးဆောင်မှုပေးနိုင်ခဲ့တဲ့ ဥက္ကဌကြီး သခင်ဗသိန်းတင်ရဲ့ ဘဝနဲ့ နိုင်ငံရေးဖြတ်သန်းမှုကိုတော့ စာအုပ်ကြီးတစ်အုပ် အဖြစ် မှတ်တမ်းတင် ပြုစုထားနိုင်ခြင်း အရင် က မရှိခဲ့သေးပါ ။ ဒီစာအုပ်ပြုစုတင်ပြသူ ဆရာမ သက်ထားဗသိန်းတင်ဟာ ဥက္ကဌကြီး သခင်ဗသိန်းတင်ရဲ့ မြေးအရင်းဖြစ်ပြီး၊ သခင်ဗသိန်းတင်ရဲ့ အကြောင်းကို ဝနယ်လို ဝေးလံတဲ့နေရာဒေသတွေ အထိ ကိုယ်တိုင် ခရီးတွေအကြိမ်ကြိမ်ထွက်ကာ ကိုယ်တွေ့မေးမြန်းခြင်း ရရှိတဲ့ အချက်အလက်တွေကို ဆောင်းပါး ပြန်လည်ရေးသားခြင်းတို့ကို တစိုက်မတ်မတ်ပြုလုပ်ပြီးမှ ဒီ စာအုပ်ကို ပြုစုထားခြင်းဖြစ်ပါတယ်။ မြေးအရင်းဖြစ်သူက အဖိုးဖြစ်သူရဲ့အကြောင်းကို သေချာလေ့လာကာ ပြန်လည်ပြုစုတင်ပြထားတာမို့ တရားဝင်ရေးသားဖေါ်ထုတ်ချက်၊ မှတ်တမ်း official account လည်း ဖြစ်ပါတယ် ။ စာအုပ်မှာ ဥက္ကဌ သခင်ဗသိန်းတင်ရဲ့ မိဘတွေအကြောင်းကစလို့ သခင်ဗသိန်းတင် ငယ်စဉ်ဘဝဖြတ်သန်းမှုမှသည် ပါတီမှအငြိမ်းစားယူပြီးနောက် ဘဝနေညိုချိန် နောက်ဆုံး နေ့ရက်များအထိ ဘဝနေထိုင်မှု မှတ်တမ်းများကို စီစဉ်တင်ပြထားတာ ဖတ်ရှုနိုင်ပါတယ် ။ စာရေးသူ သက်ထားဗသိန်းတင် ဟာ သခင်ဗသိန်းတင်ရဲ့ နိုင်ငံရေးဘဝ၊ပုဂ္ဂလဘဝဖြတ်သန်း မှုတွေကို နောက်ခံ သမိုင်းဆက်စပ်အခြေအနေတွေပါ ရောယှက်တင်ပြထားပြီး ၊ ကွန်မြူနစ်ပါတီနဲ့ သခင်ဗသိန်းတင်တို့ရဲ့ ရှားပါး သမိုင်းဝင် မှတ်တမ်းဓါတ်ပုံတွေကိုပါ ရှာဖွေထည့်သွင်းထားတာမို့ ၊ သမိုင်းလေ့လာသူတွေသာမက၊ ခေတ်သစ် မြန်မာ့နိုင်ငံရေးသမိုင်းမှာ ကွန်မြူနစ်ပါတီနဲ့ သခင်ဗသိန်းတင်တို့ရဲ့ အခန်းကဏ္ဍကို နားလည်သဘောပေါက်လိုသူတို့အတွက်ပါ ဝယ်ယူ စုဆောင်းထားသင့်တဲ့ အတ္တုပ္ပတ္တိမှတ်တမ်း စာအုပ်တအုပ်ဖြစ်အောင် ပြုစုထားတာဖြစ်ပါတယ်။ ရှားပါးဓါတ်ပုံတွေ ၊ မှတ်တမ်းဓါတ်ပုံတွေ စုစုပေါင်း ၉၉ ပုံ ပါဝင်ပြီး၊ တစ်မျက်နှာကို နှစ်ကော်လံခွဲကာ ရိုက်နှိပ်ထားတဲ့ စာမျက်နှာ ၃၈၀ ပါဝင်တဲ့ ဆိုက်ကြီး အရွယ်ဒီစာအုပ်ဟာ ပေးရတဲ့တန်ဖိုးထက်မက တန်စေမယ့် ထူးထူးခြားခြား ရှားပါးစာအုပ် တစ်အုပ်လည်း ဖြစ်ပါတယ်။
သက်ထားဗသိန်းတင် စာအုပ္မ်ား
chevron_right
Privacy Policy